MNP ၊ ဖေဖော်ဝါရီ ၁၄
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်ရောက်ရန် စောင့်ဆိုင်းနေကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို (၁၄)ကြိမ်မြောက် ဒါကာ-ရန်ကုန် Air KBZ Limited ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဒါကာမြို့၊ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၏ ခွင့်ပြုချက်ရယူ၍ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၄)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်တွင် စစ်တကောင်းမြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား သင်္ဘောသား (၈)ဦး လိုက်ပါလျက် ဒါကာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၁၃-၂-၂၀၂၂ ရက် (တနင်္ဂနွေနေ့)၊ ဒေသစံတော်ချိန် (၁၄း၂၀)နာရီ အချိန်တွင် ထွက်ခွာသွားခဲ့ပြီး ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာသံရုံး၊ ဒါကာမြို့မှ သံရုံးအကြီးအကဲနှင့် ဝန်ထမ်းများက ဒါကာမြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုအပ်သည်များကို လိုက်လံကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment