ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ထပ်ဆောင်း Booster Dose ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ထပ်ဆောင်း Booster Dose ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

 


MNP - ဖေဖော်ဝါရီ   ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield ထိုးနှံပြီးသည့် (၆) လ အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ ဝန်ထမ်းများ၊ အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက်၊ ယနေ့ နံနက်ပိုင်းက Booster Dose ကိုဗစ်ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ဆောင်ရွက်ပေးနေ ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းလုပ်ငန်းကို ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက ဖေဖော်ဝါရီ (၁၂)ရက်နေ့မှ စတင်ပြီး ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွား များ စုစုပေါင်း ၉၁ ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။အဆိုပါ  Booster Dose ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက် နေ့မှ ယနေ့အထိ ၂၉၁ ဦး ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းအပြင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်း (၁၁၁) ဦးကိုလည်း Booster Dose ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ဆက်လက်၍ မြို့နယ်အတွင်း  ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ် ပြီး ပြည်သူများအနေဖြင့် မပျက်မကွက် ကာကွယ်ဆေးလာရောက် ထိုးနှံနိုင်ရေးသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

သတင်း - ရဲဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)