ကျောင်းကုန်းမြို့တွင် မြို့နယ်သံဃနာယကအဖွဲ့၏(၂၅)%အနားယူခြင်း၊အစားထိုးရွေးချယ်ခြင်း ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့တွင် မြို့နယ်သံဃနာယကအဖွဲ့၏(၂၅)%အနားယူခြင်း၊အစားထိုးရွေးချယ်ခြင်း ပြုလုပ်



MNP - ဖေဖော်ဝါရီ    ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် အဌမအကြိမ် သံဃာအဖွဲ့အစည်း အဆင့်ဆင့် သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းစီမံချက်များအရ မြို့နယ်သံဃနာယက အဖွဲ့၏ (၂၅)% အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် အမှတ် (၁) ရပ်ကွက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရွေးချယ်မှုကြီး ကြပ်ရေးအဖွဲ့ သဘာပတိဆရာတော် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘိတမှ အဖွင့်ဩဝါဒကထာ မြွက်ကြားခဲ့သည်။ အခမ်းအနားမှူး ဆရာတော်ဘဒ္ဒန္တ ခေမာဝံသမှ မြို့နယ် သံဃာ့နာယက အဖွဲ့အစည်း အဆင့်ဆင့် ရွေးချယ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးချယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီး၊ မြို့နယ်သံဃာ့ နာယကအဖွဲ့ အနား ယူခြင်း၊ အစားထိုးခြင်းရွေးချယ်ပွဲကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ဆရာတော် ကြီးများမှ  အနားယူသွားသော ဆရာတော်ကြီး(၃)ပါး၏နေရာတွင် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများနှင့်အညီ (၂၅%) အစားထိုးကာ ရွေးချယ်၍ မြို့နယ်သံဃနာယကအဖွဲ့ကို သစ်ဆိမ့်ကုန်း ‌ကျေးရွာမှ ဥူးသောဘိတ၊အမှတ်(၂)ရပ်ကွက်မှ ဥူးသူရိယနှင့်ကွင်းကြီးအုပ်စု ဂရက်ဝန်းကြီးကျေးရွာမှ ဥူးဇဋိလတို့အား ရွေးချယ်ဖွဲ့စည်းခဲ့သည်။

အဌမအကြိမ် မြို့နယ်သံဃနာယအဖွဲ့၏ (၂၅)% အနားယူခြင်း၊ အစားထိုး ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များမှ "ဗုဒ္ဓသာသနံ စိရံ တိဌတု" သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာခဲ့ပြီး၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရ သည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)