ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာအုပ်စုနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာအုပ်စုနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံ


MNP - ဖေဖော်ဝါရီ     ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အလံချိန်ကျေးရွာအုပ်စု၊ အလံချိန်ကျေးရွာမှ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများကို ၎င်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပဉ္စမအသုတ်(ဒုတိယအကြိမ်)အဖြစ် အဆိုပါရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် ကျေးရွာအတွင်းမှ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်းသံ ဃာတော်များ၊ ဘိုး/ဘွားများ၊နှင့် ဦးစားပေး အုပ်စုတွင်ပါဝင်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေ ရှိသူများသာ ကာကွယ်ဆေး များကို ထိုးနှံပေးသည်။

ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာတွင် ကိုဗစ်ကာကွယ်ဆေးအား (ပထမအကြိမ်)ထိုးနှံပေး ထားပြီးဖြစ်ကာ ယနေ့တွင် ပထမအကြိမ်ထိုးနှံခဲ့သည့် ပြည်သူ ၁၁၀၀ ကျော်အား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။  

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)