စလင်းမြို့နယ်အတွင်း ကိုဗစ် ၁၉ရောဂါကာကွယ်ဆေး COVISHIELD ဒုတိယအကြိမ်ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်အတွင်း ကိုဗစ် ၁၉ရောဂါကာကွယ်ဆေး COVISHIELD ဒုတိယအကြိမ်ဆက်လက်ထိုးနှံ





MNP - ဖေဖော်ဝါရီ     ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအသီးသီးရှိ COVISHIELD ကိုဗစ်၁၉-ရောဂါကာကွယ်ဆေး ၁၃.၁.၂၀၂၂နေ့ ပထမအကြိမ်ထိုးနှံပြီးသူများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စလင်းမြို့နယ် ပြည်သူ့ဆေးရုံဝန်အတွင်းရှိ အစည်းအဝေးခန်းမဆောင်နှင့် စုရပ်အသီးသီးတို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ ကြီးကြပ်မှု၊ စလင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းများပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို အသက် ၁၈ နှစ်အထက် ပြည့်ပြီးသူတိုင်း ထိုးနှံနိုင်ရန်အသိပေးကြေငြာခြင်းများဖြင့် ဆောင် ရွက်ခဲ့ကြသည်။ စလင်းမြို့နယ်အတွင်း ဖေဖေါဝါရီလ ၁၂ ရက်နေ့၌ကာကွယ် ဆေးထိုးနှံပြီးစီး ခဲ့သော Sputnikကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို လူဦးရေ ၁၀၀၀ ထိုးနှံခဲ့ပြီး ဆေးတစ်လုံး လျှင် ၅ ဦးထိုးနှံနိုင်ပြီး ဆေးလုံရေခွဲတမ်း ၂၀၀ ရရှိခဲ့ကာ ထိုးနှံပြီးစီး ခဲ့၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ပထမအကြိမ် ၉၆၀၃၁ ဦး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၇၉၈၉၁ ဦး ထိုးနှံပြီးစီးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၅၇.၃၀ ရာခိုင်နှုန်းပြီးစီး၍ ယနေ့နံနက်ပိုင်းတွင် COVSHIELDဆေးများ ဒုတိယအကြိမ်ထိုးနှံလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရ သည်။

သတင်း - မောင်လွင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)