၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ ပြည်ထောင်စုအလံတော် သယ်ယူရေးအဖွဲ့နှင့် စစ်ရေးပြ အောင်မြင်စွာဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ ပြည်ထောင်စုအလံတော် သယ်ယူရေးအဖွဲ့နှင့် စစ်ရေးပြ အောင်မြင်စွာဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်အမှာစကားပြောကြား



MNP ၊ ဖေဖော်ဝါရီ ၁၄

၇၅ နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့၊ ပြည်ထောင်စု အလံတော်သယ်ယူရေးအဖွဲ့နှင့် စစ်ရေးပြ အောင်မြင်စွာ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များ၊ ချီတက်တပ်ခွဲ ကြီးကြပ်သူ၊ တပ်ခွဲမှူး၊ တပ်စုမှူးများနှင့် ချီတက်တပ်ခွဲတွင် ပါဝင်သည့် ဝန်ထမ်းများ တက်ရောက်ကြသည်။


အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုအလံတော်သယ်ယူရေးအဖွဲ့ တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းနှင့် ဖေဖော်ဝါရီ (၁၂) ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ဝန်ကြီးဌာနကိုယ်စားပြု တပ်ခွဲတွင်ပါဝင်ပြီး အောင်မြင်ပြီးမြောက်အောင် ဂုဏ်ပြုချီ တက်ခဲ့မှုအား နိုင်ငံတော်ကိုယ်စား၊ ဝန်ကြီးဌာန ကိုယ်စား ဂုဏ်ပြုအမှာစကားပြောကြားရန် ယခုအခမ်း အနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း။


ပြည်ထောင်စုဟု ဆိုလိုက်လျှင် မတူကွဲပြားမှုများဖြင့် စုစည်းနေထိုင်ခြင်း၊ ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်း သဘောတို့ပါဝင်ကြောင်း၊ စုစည်းမှု၊ ညီညွတ်မှုမရှိဘဲ ပြည်ထောင်စုအဖြစ် မည်သို့မျှ တည်ဆောက်၍ မရနိုင်ကြောင်း၊ ပြည်ထောင်စုနှင့် ညီညွတ်ရေးသည် ခွဲခြား၍မရနိုင်ကြောင်း၊ ပြည်ထောင်စု အမှတ် သရုပ်သည် အားလုံးပါဝင်သော စည်းလုံးညီညွတ်မှုပင်ဖြစ်ကြောင်း။ လွယ်လွယ်ကူကူရရှိလာခဲ့သည့် စုပေါင်းအင်အား မဟုတ်ဘဲ နိုင်ငံ၏စည်းလုံးခြင်းအမှတ်လက္ခဏာ ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ကို ပြည်ထောင်စုနေ့အဖြစ် နှစ်စဉ်ကျင်းပလာခဲ့ပြီး ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း။


ပြည်ထောင်စုတိုင်းရင်းသားများ လက်ခံကျင့်သုံးနေသည့် ဒီမိုကရေစီသည် သွေးခွဲဝါဒ၊ သပ်လျှိုဝါဒ မဟုတ် ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖြိုခွဲရန်မဟုတ်ကြောင်း၊ ထို့အတူ တိုင်းရင်းသားများ ၏ ပြည်ထောင်စုနှင့် ယဉ်ကျေးမှု၊ ဘာသာတရားကို ဖျက်ဆီးရန်လည်း မဟုတ်ခဲ့ကြောင်း၊ အဆိုပါကျင့်စဉ်သည် အကောင်းမြင်ဝါဒကို အခြေခံကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းမှုကို ပေးစွမ်းသည့် ဓမ္မလွှမ်းရန်ဖြစ်ကြောင်း၊ အဓမ္မမှုနှင့် ဆူပူမှု၊ သွေးကွဲမှုချုပ်ငြိမ်းစေရန်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ရှိပြီးသားစည်းလုံးမှု၊ ညီညွတ်မှု ကို ပိုမိုခိုင်မာစေရန်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ သည် လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းအတွက် ကျင့်သုံးရ မည့် ကန့်သတ်ဘောင်ရှိကြောင်း၊ စည်းကမ်းရှိခြင်း၊ စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ခြင်း မဟုတ်ဘဲ ဥပဒေဘောင်အတွင်း ကဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးဆက်သစ်များ၏ အိမ်၊ ကျောင်း၊ ရပ်၊ ရွာ၊ လုပ်ငန်းခွင်၊ အဖွဲ့အစည်းများ အတွင်း ဒီမိုကရေစီကိုကျင့်သုံးလျှင် မြန်မာတိုင်းရင်းသား လူ့အဖွဲ့အစည်းက လက်ခံထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လူ့ကျင့်ဝတ်နှင့် ဥပဒေဘောင်အတွင်းက ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်ကြောင်း။


ယခုကဲ့သို့ ထူးခြားသည့်နေ့ထူးနေ့မြတ်ဖြစ်သည့် ၇၅ နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားတွင် စိတ်ပါလက်ပါ တက်ညီလက်ညီ ချီတက်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်ကို ထင်ရှားစွာတွေ့ရှိရပါကြောင်း၊ ဒုတိယဝန်ကြီး ဦးစီးသည့် ပြည်ထောင်စုအလံတော် သယ်ယူရေးအဖွဲ့နှင့် ဝန်ကြီးဌာနပေါင်းစုံချီတက်ရာတွင် စစ်ကြောင်းပုံဖြင့် ညီညီညာညာ စနစ်တကျ ထူးခြားသိသာစွာ ဆောင်ရွက် နိုင်ခဲ့သည့် ချီတက်တပ်ခွဲဝန်ထမ်းများအား အကောင်းဆုံးချီတက်နိုင်ရေး အတွက် ပါဝင်ကူညီခဲ့သည့် အထောက် အကူပြု ဝန်ထမ်းများ၊ ဦးစီးဌာနအဖွဲ့များမှ တာဝန်ရှိသူများ အားလုံးကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုနေ့ ချီတက်ပွဲတွင် အောင်အောင်မြင်မြင်ဖြစ်ရေး လိုက်ပါဆောင်ရွက်ခဲ့သည့် စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းဆောင်ရည် တို့အား အသိအမှတ်ပြုကြောင်း ပြောကြားပြီး ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် အလံတော်သယ်ယူရေးအဖွဲ့နှင့် ချီတက်တပ်ခွဲ ကြီးကြပ်သူ၊ တပ်ခွဲမှူး၊ တပ်စုမှူးများ၊ ချီတက်တပ်ခွဲတွင် ပါဝင်သည့်ဝန်ထမ်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်၍ လက်ဘက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံပြီး  ဂုဏ်ပြုပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)