(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများ ကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၃

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ          ၃ ရက်နေ့ နံနက် (၉)နာရီခွဲအချိန် က ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက်၊ မြို့မအားကစားကွင်းနှင့် မီးသတ်ဦးစီးဌာနရုံးရှေ့တို့တွင် ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ အသင်း(၆)သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ အသင်း (၇)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကြောင်းသိရသည်။

ထို့အတူ အာလူးကောက်နှင့် မီတာ(၇၅) ကျား/မ အပြေးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲတို့တွင် အခြေခံ ပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊  အသင်းအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊  ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်နိုးကြား လာစေရန်နှင့် နေ့ထူးနေမြတ်များကို သိရှိလာစေရန်အတွက် ရည်ရွယ်၍ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)