ပန်လုံမြို့၌ အသက်(၁၂)နှစ် အထက်နှင့်အသက်(၁၈)နှစ်အောက် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်လုံမြို့၌ အသက်(၁၂)နှစ် အထက်နှင့်အသက်(၁၈)နှစ်အောက် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ

 


MNP - ဖေဖော်ဝါရီ     ၂၀

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၁၂)နှစ်အထက်နှင့် အသက်(၁၈)နှစ်အောက် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell) ကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ပန်လုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံစုရပ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ တာဝန်ကျ ဌာနဆိုင်ရာများက ကာကွယ်ဆေးထိုးမည့် သူများအား တစ်ဦးနှင့် တစ်ဦး(၆)ပေ အကွာ နေရာသတ်မှတ်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စာရင်းသွင်းခြင်းတို့ကို စနစ်တကျ စီစဉ်ကာ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းကို အချိန်တိုအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးရာတွင် အသက်(၁၂)နှစ်အထက်နှင့် အသက်(၁၈)နှစ်အောက် သာမဏေ(၃၂)ပါး၊ ကျား(၁၄၆)ဦး၊ မ(၁၁၀)ဦး၊ စုစုပေါင်း (၂၈၈)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)