ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေး အတွက် အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေး အတွက် အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေး

 


MNP - ဖေဖော်ဝါရီ    ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးအတွက် အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပရန်အချိန် နီးကပ်လာပြီဖြစ်၍ မိမိတို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် အခက်အခဲမရှိ အောင်မြင်စွာ ဖြေဆိုကျင်းပပြီးစီးရေးအတွက် ဌာန အလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ လုံခြုံရေးအတွက် ဆောင်ရွက်ရမည့် အစီအစဉ်များကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနများနှင့် တစ်မြို့နယ်လုံး စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစာရင်းနှင့် စာစစ်ဌာနအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူ များက မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပပြီးစီးရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတာဝန် ချထားဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၇)ခုဖြင့် ဖြေဆို ကျင်းပသွားမည်ဖြစ်ပြီး တစ်မြို့နယ်လုံး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၀၆ ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးထံမှ သိရ သည်။ 

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)