ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်/ ဆေးထိုးခြင်း များ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်/ ဆေးထိုးခြင်း များ ဆောင်ရွက်

MNP - ဖေဖော်ဝါရီ    ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေး ငယ်များ ပုံမှန်ကာကွယ်ဆေးတိုက်/ ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈) နာရီက မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့် (၁)နှစ်အောက် ကလေးငယ် လျာထားဦးရေမှာ(၄၆၂၁)ဦးဖြစ်၍ ကိုယ်ဝန်ဆောင်ဦးရေလျာထားမှာ (၄၇၃၆)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရပြီး၊ ယနေ့တွင် (၁)နှစ်အောက်မှ (၂)နှစ်အထိ ကလေးငယ်များကို ဘီစီဂျီ၊ အသည်းရောင်အသား ဝါ(ဘီ)၊ ပိုလီယို(ပထမအကြိမ်)၊ ပိုလီယို (ဒုတိယအကြိမ်)နှင့် ပိုလီယို(တတိယအကြိမ်)၊ ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှော (ရိုတာ)၊ ပြင်ထန် အဆုတ်ရောင်(ပီစီဗီ) (ပထမကြိမ်-ဒုတိယအကြိမ်-တတိယအကြိမ်) စသည်ဖြင့် ကလေးငယ်များ၏ ဆေးထိုးမှတ်တမ်းများအရ လိုအပ်သည့် ကာကွယ်ဆေးများကို တိုက်ကျွေး/ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရပြီး၊ လစဉ်လဆန်း(၁/၂)ရက်နှင့် လဝက်(၁၅/၁၆)ရက်နေ့များတွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆေင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဆေးထိုးစုရပ်များကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တို့တွင် ဖွင့်လှစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နေအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)