ဝေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲအိုမီခရွန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲအိုမီခရွန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး


MNP - ဖေဖော်ဝါရီ   ၁၅

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲ အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့၊ နံနက် ၁၀ နာရီက မြို့နယ်ခန်းမတင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများ၊ ပျောက်ကင်းမှုများ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအကြောင်းနှင့် ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာရေးကို ကြပ်မတ်စစ်ဆေးရေး၊ ဝေါမြို့နယ် မှုံကတုံး ကျေးရွာအုပ်စုရှိ (ကိုဗစ်-၁၉)စစ်ဆေးရေးဂိတ်တွင် တာဝန်ကျသည့် ဌာနဆိုင်ရာများ အနေဖြင့် နေ့စဉ် ကားအဝင်/အထွက်စာရင်းများကို သေခြာစိစစ်ဆောင်ရွက်ရန် ဆွေးနွေး ပြောကြားပြီး၊ တက်ရောက်လာသူများက မိမိတို့နှင့်သက်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - စိုးမိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)