MNP - ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဘားအံမြို့ နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဘတ်ဂျက် ကရင်ပြည် နယ်အစိုးရအဖွဲ့ရန်ပုံငွေ ၁၁၆ ဒသမ ၇၂၁ သန်း ဖြင့် Burma Palace Co.,Ltd က တာဝန်ယူ ဆောင်ရွက်သော ဣစ္ဆာသယဂူအဝင်လမ်း ၁၄ ပေအကျယ်၊ အရှည် ၃ ဖါလုံ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ ရာကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောကျော်ဝင်းနှင့် တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီတို့မှ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဣစ္ဆာသယသဘာဝလှိုဏ်ဂူဆရာတော် ဥူးဆန္ဒဓိကအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံခရိုင်မီးသတ်စခန်းတွင် (၆)လဘတ်ဂျက် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် သုံးရာ့သုံးသိန်း ဖြင့် ပြည့်ဝေရံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် သော (၁၂ပေ x ၈ ပေ x ၄၀ ပေ) လေ့ကျင့်ရေးမျှော်စင်နှင့် (၃၀ ပေ x ၁၆ ပေ x ၈ ပေ) ရေစင် RC တည်ဆောက်ခြင်းလုပ်ငန်းနှင့် အောင်မြင်ခိုင်ခန့်ကုမ္ပဏီမှ (၆)လဘတ်ဂျက် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် ၉၅ ဒသမ ၁ သန်းဖြင့် ဆောင်ရွက်သော လူပျိုဆောင်(၂)ထပ် RCC (၆၀ ပေ x ၃၀ ပေ) တည်ဆောက်ခြင်းလုပ်ငန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဲဘောင်-နောင်ပလိန်လမ်းအား တစ်ဖက်လျှင် ၄ ပေခွဲအကျယ် ကတ္တရာလမ်းချဲ့၍ AC နိုင်လွန်ကတ္တရာလမ်းခင်းနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ရေမြောင်းများစနစ် တကျဖြစ်စေရေး၊ လမ်းအရည်အသွေးပြည့်မီ ရေးနှင့် အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရေကျော်-လှိုင်းပုံ-လှာကမြင်လမ်းအား မူလလမ်းအကျယ် မှ တစ်ဖက်လျှင် ၄ ပေခွဲစီကတ္တရာလမ်းချဲ့၍ ၂၄ ပေအကျယ် အရှည် ၆ ဖါလုံအား First Azure Co.,Ltd မှ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် နိုင်လွန်ကတ္တရာ AC လမ်းခင်းခြင်းလုပ်ငန်း၊ ဝေပုံမြ ကုမ္ပဏီမှ အရှည် ၇ ဖါလုံ၊ အကျယ် ၂၄ ပေရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment