MNP - ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့မှ ကြီးမှူးပြီး သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပွဲနှင့် ခေါင်းလောင်းတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ ပိန္နဲတိုင်ပြုပြင် မွမ်းမံပြင်ဆင်တင်လှူခြင်း၊ စေတီတော်မြတ်ကြီးအားလုံး တော်ပြည့်ရွှေဆေးသက္ကန်းကပ်လှူခြင်း၊ နဝကမ္မကပ် လှူခြင်း၊ နေ့ဆွမ်း၊ နေ့အချို ကပ်လှူခြင်း ရေစက်ချ အခမ်းအနားကို ယနေ့ နံနက် (၆) နာရီအချိန်တွင် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ထီးတော်တင်လှူပွဲတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ပန်းခြင်း နတ်မင်းကြီး(၄)ပါးတို့က ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ် လှည့်လည် ပူဇော်ပြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း+ ဒေါ်ခတ္တာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး + ဒေါ်သန္တာဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး သန်းအောင်နှင့် ဇနီး၊ အဖွဲ့ဝင် ဗိုလ်မှူး ထွန်းလင်းဇော်နှင့် ဇနီးတို့က စိန်ဖူးတော်အား ပင့်ဆောင်ပူဇော်ပြီး ငှက်မြတ် နားတော်အား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် ဇနီး၊ အဖွဲ့ဝင်များက ပင့်ဆောင်ပူဇော်၍ ပန်းခြင်းနတ်မင်းကြီး ၄ ပါးတို့အား ဌာနဆိုင်ရာအကြီးအကဲ များနှင့် အလှူရှင်များက ပင့်ဆောင်ပူဇော်ကြသည်။
ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား တင်လှူပူဇော်ပြီးနောက် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းကို မြို့နယ်သံဃ နာယကဆရာတော် ဦးဆောင်သော ဆရာတော် (၉) ပါးမှ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အလှူရှင်များမှ နဝကမ္မ အလှူငွေများကို အသီးသီးဆက်ကပ်လှူဒါန်း၍ ဥက္ကဋ္ဌ ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေး ဝေကြကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်၍ တက်ရောက်လာသူ များအား အလှူရှင်မှ နေ့လယ်စာများ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment