MNP - ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဝမ်နားကျေးရွာရှိဦးအောင်ဇေယျဘုန်းကြီးကျောင်း၌(၃၁) ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို ယနေ့ နံနက် (၁၀း၀၀)နာရီက ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို မိုင်းဆတ်မြို့ဦကျောင်းတိုက် မြို့နယ် သံဃာ့နာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူ ကြကုန်သော ဆရာတော်သံဃာတော်အရှင်သူမြတ် အပေါင်းတို့မှ မေတ္တာသုတ် ပရိတ်တော်များ ရွတ် ဖတ်ချီးမြှင့်ခြင်း ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်အပေါင်းအား စေတနာရှင်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတ ပဠာန်းရွတ်ဖတ်ရခြင်းအကျိုးနှင့် ပတ်သတ်၍တရားပေးပြီးနောက် လှူဖွယ်ပစ္စည်းအစုစုအတွက် ရေစက်သွန်းချ သာဓုအနုမောဒနာ တရားတော်များ ချီမြှင့်ခြင်း ဩကာသကတော့ခန်း ပြန်လည်ကန်တော့ခြင်း ကြွရောက်လာသော ဆရာတော်သံဃာတော် အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ "ဗုဒ္ဒသာသနံစိရံတိဌတု"(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားပိတ်သိမ်းပြီး အလှူရှင်များမှ ဆရာတော် သံဃာတော် အရှင်သူမြတ်များကို ဆွမ်းကပ်ခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များကို ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။
သတင်း - ဝင်းဝင်းခိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment