ကျောက်ဖြူမြို့တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံ


MNP - ဖေဖော်ဝါရီ    ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိကာ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး Influenza Vaccine ဆေးအားထိုးနှံပေးခြင်းဖြစ်ပြီး ဆေးတစ်လုံးလျှင် လူဆယ် ဦးကျဖြင့် အယောက် ၄၀၀ စာထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်သည့်အပြင် ‌ရောဂါဖြစ်ပွားမှုမှာလည်း သိသာ ထင်ရှားစွာ လျော့နည်းသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)