ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၁၅ )ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲနှင့် ထမနဲ ဆွမ်းတော်ကြီးဆက်ကပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၁၅ )ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲနှင့် ထမနဲ ဆွမ်းတော်ကြီးဆက်ကပ်


MNP - ဖေဖော်ဝါရီ     ၁၅

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော်၊ (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းခြင်း၊ ဆွမ်းတော်ကြီး ဆက်ကပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ၊ စည်းကမ်းချက်များ နှင့်အညီ ကျင်းပခဲ့ရာ စေတီတော်ကြီး ၏ ကုသိုလ်တော်ကိစ္စအဝဝ၊ တာဝန်များကို ဆောင်ရွက်နေကြသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများတက်ရောက် ခဲ့ကြ သည်။

ရှေးဦးစွာ "နမောတဿ"သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နဝင်္ဂသီလခံယူဆောက်တည်ဆောက်ကြပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး (ဝါ)မြတ်စွာ ဘုရားရှင်တို့အား ရည်မှန်း၍ ထမနဲဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးနံ့သာများ ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရား၊ တရား၊ သံဃာ့ဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ ဒိသာဖရဏမေတ္တာပွားခြင်း၊ မေတ္တာသုတ်တော်လာ အရပ်ဆယ်မျက်နှာ မေတ္တာပို့ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ကို ဆောင်ရွက်ကြပြီး "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)