မိတ္ထီလာမြို့နယ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်းလေးရာကျော်ဖြင့် ကန်တောင်-အင်အုံး-မောင်း တိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်းလေးရာကျော်ဖြင့် ကန်တောင်-အင်အုံး-မောင်း တိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ



 MNP - ဖေဖော်ဝါရီ    ၁၅                               

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း လေးရာကျော်ဖြင့်  ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၂၁.၀၂ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Asia Destiny Co;Ltdမှ တာဝန်ယူပြီး အရှည် ၃.၉၄၄ ကီလိုမီတာ ရှိသည့် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ဇန်နဝါရီလ ပထမအပတ်မှ စတင်၍ ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကန်တောင်၊ ဒဟတ္တန်း၊ ကွက်ငယ်၊   ပန်းတင်း၊ အင်အုံး၊ ပန်းသွင်း၊ ဝါးရုံ၊ အိုင်ကြီးလည်ကျေးရွာများမှ ဒေသခံများ ရာသီမရွေး သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)