ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose (တတိယ)အကြိမ် Sputnik Light ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose (တတိယ)အကြိမ် Sputnik Light ဆက်လက်ထိုးနှံ

 







MNP ၊ ဖေဖော်ဝါရီ ၁၅

ကျိုက်ထိုမြို့နယ်အတွင်း မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ခွန်မောင်အိုးနှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း ပါဝင်သော အဖွဲ့များသည်ဖေဖော်ဝါရီ (၁၄)ရက် နေ့ နံနက်(၉)နာရီ တွင် ရပ်ကွက် /ကျေးရွာစုရပ်များ၌ ကိုဗစ်- ၁၉ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose (တတိယ) အကြိမ် Sputnik Light ဆက်လက်ထိုးနှံပေးခဲ့သည်။ 

       

ယင်းသို့ ကိုဗစ်-၁၉ ကာကွယ် ဆေး Booster Dose (တတိယ) အကြိမ် Sputnik Light ထိုးနှံရာတွင် စုရပ်ဖြစ်သည့် ကျိုက်ထို ပြည်သူ့ဆေးရုံ၊ ကျိုက္ကသာကျေးရွာ၊ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံ၊ ကျုချောင်ကျေးရွာ နှင့် သိမ်ဇရပ်တိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေးဝန်ထမ်းများ၊ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊နိုင်ငံ့ဝန်ထမ်းများ စေတနာ့ဝန်ထမ်း/ပရဟိတဝန်ထမ်းများ၊ သံဃာ/သီလရှင်/ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူများ စုစုပေါင်း (၉၉၀)ဦးတို့အား ထိုးနှံပြီးစီးခဲ့သည်။၊ 

    

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ဇန်နဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose (တတိယ)အကြိမ်ထိုးနှံသူ စုစုပေါင်း(၉၁၆၅)ဦးတို့အား  ထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)