မြန်မာ- ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်း သင်တန်း အမှတ်စဉ် ( ၂ / ၂၀၂၂ ) မှိုမျိုးစေ့ထုတ် သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ- ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်း သင်တန်း အမှတ်စဉ် ( ၂ / ၂၀၂၂ ) မှိုမျိုးစေ့ထုတ် သင်တန်းဖွင့်ပွဲကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၂၈   

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး  (၁၈ ) ၊ ဒိုးကွင်ရှိစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မြန်မာ-ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှုလေ့ကျင့်ရေး သင်တန်းကျောင်း ၊ သင်တန်းအမှတ်စဉ် (၂ / ၂၀၂၂ ) မှိုမျိုးစေ့ထုတ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ( ၉) နာရီက အဆိုပါလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ သင်တန်း နည်းပြဆရာ၊ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည် ။

ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ၊ ဦးတိုးမင်း ( ညွှန်ကြားရေးမှူး ) က  သင်တန်းဖွင့် အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စား ၊  စိုက်ပျိုးရေးဦးစီးဌာန ၊ မုံရွာမြို့နယ်ဦးစီးမှူး    ဦးစိုးသက်အောင် ( ဦးစီးအရာရှိ ) မှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း ၊ မြန်မာ - ခါနန် သင်တန်းကျောင်းအုပ်  Mr . Lee  KwanSoo  မှ ပေးပို့သော နူတ်ခွန်း ဆက်  Video  အားဖွင့်လှစ်ပြသ၍  သင်တန်းသားများနှင့် သင်တန်းနည်းပြဆရာများမှ  မိတ်ဆက်စကားပြောကြားခဲ့သည် ။

အဆိုပါ သင်တန်းကို ( ၂၈ - ၂ - ၂၀၂၂ ) ရက်နေ့မှ ( ၄ - ၃ - ၂၀၂၂ ) ရက်နေ့အထိသင်တန်း ကာလ ( ၅ ) ရက်ဖြင့်  နံနက် ( ၀၈:၀၀ ) မှ ညနေ ( ၀၅:၀၀ ) နာရီအထိသင်တန်းနည်းပြဆရာများမှ မှိုအကြောင်း သိကောင်းစရာများ ၊ မိခင်မှိုမျိုးသန့်မွေးမြူခြင်း ၊ သီးနှံမှိုမျိုးစေ့ပြုလုပ်ခြင်း ၊ နှပ်စာပြုလုပ်ခြင်းနှင့် နှပ်စာမှိုမျိုးစေ့ ပြုလုပ်ခြင်း ၊ မှိုမျိုးထုပ်  ပြုလုပ်ခြင်းနှင့် ပေါင်းတင် ပိုးသန့်စင်ခြင်း ၊ မှိုထုပ်များပေါင်းတင် ပိုးသန့်စင်ခြင်း ၊ စိုက်ပျိုးခြင်းနှင့် တွေ့ကြုံရသောအခက်အခဲများနှင့် ကောက်ရိုးမှိုစိုက်ပျိုးခြင်း စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချ လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုမြို့နယ်များမှ သင်တန်းသား( ၂၁) ဦးတက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက်အရ သိရသည် ။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)