MNP - ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုရှေးရှုလျက် ကျောင်းသားလူငယ် မောင်မယ်များ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးသည် ကျန်းမာရေးနှင့်စပ်လျဉ်းသည့် ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် ပြန်လည်သက်ဝင်လှုပ်ရှားနိုင်စေရန်၊ ထူးချွန်ထက်မြက်သော အားကစားလူတော်များ မွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင်တွင်လုပ်ငန်းစွမ်းပကား တိုးတက် စေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့သက်တမ်းစေ့ နေထိုင်သွားလာ နိုင်စေရန် စသည့် အားကစားနှင့် သက်ဆိုင်သော အကြောင်းအရာ များအားအသိပညာပေး ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက် လှုပ်ရှားအားကစား fitness dance အကသင်ကြားပြသရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ သင်ယူကစားခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်လေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment