ပြည်ထောင်စုနေ့အကြို မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ယနေ့စတင်ယှဉ်ပြိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနေ့အကြို မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ယနေ့စတင်ယှဉ်ပြိုင်

 


MNP - ဖေဖော်ဝါရီ    ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုအကြိုမြို့နယ်အုပ်ချုပ်ရေး မှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ မြို့နယ်ဘောလုံးကွင်းတွင် စတင် ယှဉ်ပြိုင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် တပ်နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ မြို့နယ်အတွင်းမှအသင်းများပေါ်ထွက်၍ စုစုပေါင်း (၁၂)သင်းက အုပ်စု(၄)အုပ်စုဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

တစ်နေ့လျှင် ပွဲစဉ်(၃)ပွဲဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဖေဖော်ဝါရီ(၁၂) ပြည်ထောင်စုနေ့တွင် ယှဉ်ပြိုင်၍ ဆုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်ဇင်ထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)