ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများကို သီးသန့်ကုသမှုပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများကို သီးသန့်ကုသမှုပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

 




MNP ၊ ဖေဖော်ဝါရီ  ၂၃


ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ပြည်နယ်တိုင်းရင်းဆေးရုံ၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်လူနာများကို သီးသန့်ကုသမှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်နယ် တိုင်းရင်းဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အမျိုးသမီးများအားထားရှိရန် နေရာများကို သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် စစ်တွေခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌတို့က လူနာများအတွက် ခုတင်၊ အိပ်ရာခင်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ စီစဉ်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းဆေးရုံဆေးကုသဆောင် အပေါ်ထပ်၌ အမျိုးသား လူနာများအားထားရှိမည့် နေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။  


ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြစဉ် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းဆေးရုံအတွင်း လျှပ်စစ်မီးများကောင်းမွန်ရေး၊ ရေချိုးခန်း၊ အိမ်သာများကောင်းမွန်ရေးနှင့် ဆေးရုံပတ်ဝန်ကျင် သန့်ရှင်းသာယာရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။


စစ်တွေမြို့ရှိ ပြည်နယ် တိုင်းရင်းဆေးရုံတွင် ဌာနဆိုင်ရာဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအား ကုသမှုပေးနိုင်ရန်အတွက် လူနာ(၈၀) ဦးအတွက် စီစဉ်ဆောင်ရွက်ထား ကြောင်းသိရသည်။ 


စစ်တွေမြို့နယ်တွင် ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၊ စစ်တွေတက္ကသိုလ်နှင့် ပြည်နယ် တိုင်းရင်းဆေးရုံတို့တွင် ကိုဗစ်ကူးစက်ခံရသူများအား သီးသန့်ကုသမှုပေးနိုင်ရန်အတွက် လူဦးရေ ၅၈၀ ခန့်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)