မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/အမျိူသမီး အလေးမပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/အမျိူသမီး အလေးမပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

MNP - ဖေဖော်ဝါရီ    ၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား/အမျိုးသမီး အလေးမ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာန‌ဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သိရသည်။

‌ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား/ အမျိုးသမီး အလေးမ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ် လူငယ်များ ပေါ်ထွက်လာစေရန်ဖြစ်ပါကြောင်း၊ အလေးမ အားကစား နည်းသည် မိမိ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို အသုံးချပြီး ကစားရသည့် အားကစားနည်းဖြစ်သည့်အပြင် ဇွဲ့၊ လုံ့လ၊ ဝီရိယနှင့် နည်းစနစ်ကို အခြေခံကာ လျှင်မြန်မှု၊ ဖြတ်ထိုးဉာဏ်နှင့်ခွန်အားကို ပေါင်းစပ်ပြီးလေ့ကျင့်မှသာ အောင်မြင်မှု ရရှိနိုင်သော အားကစားနည်း ဖြစ်ပါကြောင်း၊ အလေးမ အားကစားနည်းသည် အောင်မြင်မှု အစဉ်အလာ ကောင်းသည့် အားကစားနည်းဖြစ်ပြီး တိုင်းဂုဏ်ဆောင်ခဲ့သည့် အားကစားသမားများ ပေါ်ထွန်းခဲ့သည့်အတွက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ဝင်ရောက်ဖြည့်တင်း ပေးနိုင်ရန် လိုအပ်သလို အားကစားသမားများ အနေဖြင့်လည်း တိုးတက် ခေတ်မီလာသော အားကစားနည်းစနစ်များ၊ စားသောက်နေထိုင်မှုပုံစံများနှင့် အညီ လေ့လာသင်ယူစေလိုကြောင်းနှင့် နှစ်စဉ်ရရှိခဲ့သော မိမိတို့မ‌ကွေးတိုင်းဒေသကြီး၏ အလေးမ အားကစားနည်း ဂုဏ်အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်း နိုင်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အလေးမပြိုင်ပွဲဝင်မည့် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်အားရွတ်ဆို ခဲ့ပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ပြိုင်ပွဲကို စတင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား/ အမျိုးသမီး အလေးမ ပြိုင်ပွဲကို (၃.၂.၂၀၂၂)ရက်နေ့မှ (၄.၂.၂၀၂၂)ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ပြီး အတန်း(၇၃)ကီလိုတန်း၊ (၄၅)ကီလိုတန်းတို့ ပါဝင်ကြောင်း သိရသည်။

သတင်း - ကိုစည်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)