မောင်တောမြို့နယ် မောင်နီရပ်ကွက်ရှိ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် မောင်နီရပ်ကွက်ရှိ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား







MNP ၊ ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ ယနေ့ ညနေ‌(၁၆:၃၀)အချိန်က မောင်နီရပ်ကွက် ၊မြောက်ရွာရှိ နေအိမ်(၁)လုံး  မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုဖြစ်ပွား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့၊ မောင်နီရပ်ကွက် ၊မြောက်ရွာရှိနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား နေ ကြောင်း သတင်း အရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေး ဦးသန့်ဇင် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်း ရွှေ ခိုင် နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်း သတ် ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ညနေ‌(၁၆:၄၅) မိနစ်အချိန်က မီးလုံးဝငြိမ်းသွားခဲ့ကြောင်းသိရသည်။ အဆိုပါ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ ဒေါ်ခါန်ဆူမာ အသက် (၅၀)နှစ် (ဘ)ဦးအဒူဆလင် ၏ နေအိမ်အတွင်းရှိ မီးဖို ၊မီးကြွင်း မီးကျန် မှတဆင့်  အနီးရှိ ဝါးထရံ အား မီးကူး စက် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၁၄ ပေ ၊ အမြင့် ၈ ပေခန့်ရှိ (ဓနိမိုး ၊ဝါးထရံကာ ၊မြေစိုက်) နေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့သည်။   မီးလောင်မှုနှင့်ပတ်သတ်၍  မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် အား မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ အရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)