ပုလဲဓာတ်မြေဩဇာအိတ်များ ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလဲဓာတ်မြေဩဇာအိတ်များ ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးအပ်


MNP - ဖေဖော်ဝါရီ    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးရုံးတွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးသော  တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ် (၁၀၀၀)ကို ပဉ္စမအကြိမ်မြောက် ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့  မွန်းလွဲပိုင်းက ဖြန့်ဝေပေးခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး စိုက်ဧက (၂၃၆၆၅)  ဧက ရှိကြောင်း၊  ၎င်းဧကများအတွက်  ပဉ္စမအကြိမ်အထိ (၄၆၂၅) အိတ် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း၊ ရရှိလာသော ဓာတ်မြေဩဇာအိတ်များအား စိုက်ပျိုးရေး ဦးစီးဌာနမှ လေ့ကျင့်ပေးထားသော သိပ္ပံနည်းကျစိုက်ပျိုးသုံးစွဲနည်းစနစ်များအား လိုက်နာပြီး မိမိတို့စိုက်ခင်းများအတွင်းသို့ အလေ အလွင့်မရှိအောင် ထည့်သွင်းကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နွေစပါးစိုက်ပျိုးသောတောင်သူများအား တာဝန်ရှိသူများက ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထင်ကျော်ဦးနှင့်ဝန်ထမ်းများ၊ နွေစပါးစိုက် ပျိုးကြသောကျေးရွာအုပ်စု(၂၅)အုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဝင်းကြိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)