စလင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုပထမအကြိမ် ၉၇၄၄၄ ဦး ဒုတိယအကြိမ် ၈၃၁၉၇ ဦးထိုးနှံပြီးစီး ရာခိုင်နှုန်း ၅၈.၁၅ရာ ခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုပထမအကြိမ် ၉၇၄၄၄ ဦး ဒုတိယအကြိမ် ၈၃၁၉၇ ဦးထိုးနှံပြီးစီး ရာခိုင်နှုန်း ၅၈.၁၅ရာ ခိုင်နှုန်းပြီးစီး



MNP - ဖေဖော်ဝါရီ     ၂၀

မကွေးတိုးဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံလျက်ရှိရာ မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးစုရပ် ကျေးလက်ကျန်းမာရေးဌာနများနှင့် မြိုနယ်ပြည်သူ့ဆေးရုံတို့တွင် နေရာများခွဲ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ပထမအကြိမ်ထိုးနှံပြီးသူ ၉၇၄၄၄ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၈၃၁၉၇ ဦးရှိကြောင်း မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါတုံပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ ဆေးထိုးစုရပ်များဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမဆောင်၊ ဆင်ဖြူကျွန်းပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမဆောင်၊ သရက်တောကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၊ တညောင်တိုက်နယ်ကျေး လက်ကျန်းမာရေးဌာနနှင့် စုရပ်အသီးသီးတို့တွင် ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

ကျန်းမာရေး အခက်အခဲအပြင်အကြောင်း အမျိုးမျိုးကြောင့် သွားလာမှုအခက်အခဲရှိသူများနှင့် အသက်ကြီး ဘိုးဘွားများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းပြီး ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

စလင်းမြို့နယ် တစ်မြို့နယ်လုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူလျာ ထားဦးရေ အသက် ၁၈ နှစ်အထက် ၁၅၇၀၈ ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၀၄၉၀ ဦး၊ စုစုပေါင်း ၁၆၇၅၇၉ ဦးရှိသည့်အနက် ယမန်နေ့အထိ ပထမအကြိမ်ထိုးနှံပြီးသူ ၉၇၄၄၄ ဦး၊ ဒုတိယအကြိမ် ၈၃၁၉၇ ဦး ထိုးနှံပြီးစီးကြောင်း စလင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ ရာခိုင်နှုန်းအားဖြင့် ၅၈.၁၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အထွထွအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများအား စလင်းမြို့နယ်အတွင်း ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝလွှမ်းခြုံထိုးနှံပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် မဖြစ်မနေထိုးနှံနိုင်ရေးကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - မောင်လွင်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)