တွံတေးမြို့နယ်တွင် အသက်(၁၈) နှစ်နှင့် အထက် လုံးဝကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sputnik light)(ရုရှား) ကာကွယ်ဆေး ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်တွင် အသက်(၁၈) နှစ်နှင့် အထက် လုံးဝကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sputnik light)(ရုရှား) ကာကွယ်ဆေး ထိုးနှံပေး

MNP - ဖေဖော်ဝါရီ    ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသော အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား (Sputnik light) (ရုရှား) ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များမှ အပ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်ကြိမ်သာ ထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်ပြီး ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊  Volunteer များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik light (ရုရှား) ကာကွယ်ဆေးကိုဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း - တွံတေးသား

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)