ကြံခင်းမြို့၌ မြန်မာ့တပ်မတော်ထောက်ခံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ မြန်မာ့တပ်မတော်ထောက်ခံပွဲပြုလုပ်


MNP - ဖေဖော်ဝါရီ    ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက်(၁၀)နာရီ(၂၅)မိနစ်အချိန်က ကြံခင်းမြို့ မြို့နယ်အားကစားကွင်းစုရပ်မှနေ၍ ဗိုလ်ချုပ်လမ်းတစ်လျှောက် ငြိမ်းချမ်းစွာ  စီတန်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားကွင်းတွင် တပ်မတော်ထောက်ခံပွဲ‌တက်ရောက် လာသည့် ပြည်သူများမှ နိုင်ငံတော် သီချင်းအားသံပြိုင်ရွတ်ဆိုကာ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော  တပ်မတော်သား ရဲဘော်အပေါင်းအား အလေးပြုခြင်း ဆောင်ရွက်ခဲ့သည်။ ထိုနောက် တပ်မတော်ထောက်ခံပွဲသို့ မြို့ပေါ် /ရပ်ကွက်များက ပြည်သူ စုစုပေါင်းအင်အား (၂၀၀)ခန့်တက်ရောက်ခဲ့ပြီး ၊(ကြွေးကြော်သံ)များဖြင့်အားကစားကွင်း စုရပ်မှ ဗိုလ်ချုပ်လမ်း တစ်လျှောက်၊ ဘုရားကြီးလမ်းနှင့် သုခမိန်လမ်းမှ မြို့နယ်အားကစားကွင်း အတွင်းသို့ ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)