တတိယ ကမ္ဘာစစစ်ကိုရှောင်ဖို့ရာ အဖြေတစ်ခု ရသွားတဲ့ ညနေခင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယ ကမ္ဘာစစစ်ကိုရှောင်ဖို့ရာ အဖြေတစ်ခု ရသွားတဲ့ ညနေခင်း




MNP ၊ ဖေဖော်ဝါရီ ၁၈

မပြောတတ် မဆိုတတ်ရင် တတိယ ကမ္ဘာစစ် ဖြစ်သွားနိုင်တဲ့ အစည်းအဝေး ၂ခု မနေ့က ညနေမှာ လုပ်ဖြစ် ခဲ့ပါတယ်။

အဲ့ဒါကတော့ အီးယူထိပ်သီး ခေါင်းဆောင် ၂ဦးဖြစ်တဲ့ ဂျာမဏီ အဓိပတိ အိုလက်ဖ်ရှိုးဇ် က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုသွားရောက်တွေ့ဆုံပြီး ဆွေးနွေးတဲ့ကိစ္စ နဲ့ ပြင်သစ်သမ္မတ မာခွန်က ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုသွားရောက်တွေ့ ဆုံပြီး ဆွေးနွေးတဲ့ ကိစ္စပါပဲ။

သူတို့ ၂ဦးစလုံးက လက်ရှိ ဥရောပမှာ ဖြစ်ပေးနေတဲ့ ယူကရိန်းနယ်စပ်က ရုရှားတို့ရဲ့စစ်ရေးလှုတ်ရှားမှုနဲ့ ပတ်သတ်ပြီး  ကမ္ဘာ့စစ်အင်အားကြီး ၂နိုင်ငံက ခေါင်းဆောင်တွေနဲ့ သွားရောက်ဆွေးနွေးကြတာပါ။ 

ဂျာမဏီအဓိပတိ ကတော့ တကယ်လို့များ ရုရှားတွေ ယူကရိန်ကို ကျူးကျော်ခဲ့ရင် အမေရိကန်တွေ ဘာလုပ်ပေးမှာလဲ ။ ဘယ်လို အကူအညီတွေ ပေးမှာလည်းဆိုတာကို တိတိကျကျသိအောင်  အာမခံချက်တစ်ခုသွားတောင်းတာပါ။

ပြင်သစ်သမ္မတ ကတော့ ယူကရိန်းနယ်စပ်မှာဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို ဘယ်လိုလျှော့ချရင် ရနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကို ပူတင်ကို သွားပြီး တင်ပြတာပါ။

ပွဲပြီးလို့ သတင်းစာရှင်းလင်းပွဲလုပ်တော့ သမ္မတ ဘိုင်ဒန်က တကယ်လို့များ ရုရှားတွေ ယူကရိန်းကို ကျူးကျော်တာနဲ့ ဥရောပကို ဓာတ်ငွေ့နဲ့ ရေနံ ဖြန့်နေတဲ့ နော့ဒ်စထရင် ၂ ပိုက်လိုင်းကြီးကို အဆုံးသတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။

သမ္မတ ပူတင်ကတော့ မာခွန်တင်ပြတဲ့ အစီအစဉ်တွေကို ကြိုက်လွန်းလို့ “ သူတော်တော်ကြိုးစားခဲ့တာပဲ။ သူတင်ပြတဲ့ အစီအစဉ်တော်တော် များများက လက်ခံနိုင်စရာကောင်းတဲ့အစီအစဉ်တွေပဲ ၊ ကျနော် သူ့ကိုတော်တော် သဘောကျတယ်ဗျာ ။စစ်ရေးတင်းမာမှု လျှော့ချရေးအစီအစဉ်တွေ ကို ကြိုက်ပါတယ်” လို့ ဆိုသွားပါတယ်။

ဘိုင်ဒန် “ ကျနော်ခင်ဗျားတို့ကို ကတိပေးပါတယ်။ ရုရှားတွေယူကရိန်းကို ကျူးကျော်တာနဲ့ အဲ့ဒိ ပိုက်လိုင်း အဆုံးသတ်သွားအောင် ကျနော်တို့ လုပ်နိုင်ပါတယ်။ လောလောဆယ်တော့ အသေးစိတ် အချက်အလက် တွေကို မပြောနိုင်သေးပါဘူး ”

ပူတင် “ ပြင်သစ်နိုင်ငံရေးခေါင်းဆောင်တွေကို ချီးကျူးရမှာပဲ ။ သူတို့ရဲ့ အကြံပြုချက်တွေက တော်တော် ကောင်းတယ်။ လောလောဆယ်တော့ ခင်ဗျားတို့ ကို မပြောပြနိုင်သေးဘူးနော်”  


ဂျာမဏီအဓိပတိကို အဲ့ဒိ နော့ဒ်စထရင်း ၂ ပိုက်လိုင်းကို အဆုံးသက် လိုက်ရင် ဂျာမဏီနိုင်ငံရဲ့ စွမ်းအင်ပြဿနာကို ဘယ်လိုရှင်းမလဲလို့ သတင်းထောက်တွေက မေးတော့ သူ့ခမျာ ဘာဖြေလို့ ဖြေရမှန်းမသိ အတီးအတဖြစ်ခဲ့ရပါတယ်။

မာခွန်ကတော့ လူရည်လည်တယ်နဲ့ တူပါတယ်။ ပူတင်ကို ၅ နာရီ နီးပါကြားအောင် သူ့ရဲ့ အစီအစဉ်တွေ ကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။ တော်တော်ကြီးကြာတော့ ပူတင်က မာခွန်ဆိုလိုချင်တဲ့ နေတိုး နဲ့ အမေရိကန် တို့ရဲ့ သဘောထားကို သဘောပေါက်သွားခဲ့ပါတယ်။  ပူတင်နဲ့ မတွေ့ခင် တနင်္ဂနွေ နေ့တုန်းက မာခွန်က ဘိုင်ဒန်နဲ့ ဖုန်းပြောခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ခုတ်ဆိုတာ ၂ဖက်တီးမှ မြည်တာပါ။ တစ်ဖက်က လျှော့လာရင်တော့ စစ်ပွဲကိုရှောင်ဖို့ရာ ဖြစ်လာနိုင်ပါတယ်။ ဂျာမဏီကတော့ စစ်မဖြစ်ချင်လို့ နေတိုးတပ်ဖွဲ့ထဲက ဂျာမန်စစ်သားတွေကိုတောင် ပြန်ခေါ်ထားပါတယ်။

ဒုတိယကမ္ဘာစစ်ရဲ့ ဆိုးကျိုးကို ကောင်းကောင်းသိထားတဲ့ ဥရောပက စစ်ပြန်ဖြစ်မှာ ကိုကြောက်နေပါတယ်။ ပိုဆိုးတာက ရုရှားရဲ့ ရေနံနဲ့ ဂတ်စ်ပိုက်တွေက ဥရောပအရှေ့ပိုင်း နဲ့ အလယ်ပိုင်း ထိ အနှံ့ရောက်နေတာက ဥရောပတိုက်ရဲ့ လုံခြုံရေးကို အများကြီး ထိခိုက်သွားနိုင်တာပါပဲ။ အဲ့ဒါတွေကို ချိန်ပြီး အီးယူက လိမ္မာပါးနပ်စွာ ဖြေရှင်းနေတာနဲ့ တူပါတယ်လို့ ဆိုလိုက်ပါရစေ။


မောင်ယဿ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)