MNP - ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် အလေးပြု ခြင်းခံယူမည့် ပြည်ထောင်စုအလံတော်အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လက်ဆင့်ကမ်းသယ်ယူခြင်း၊ လေယာဉ်၊ မော်တော်ယာဉ်တို့ဖြင့် သယ်ဆောင်ခြင်းတို့ကို စနစ်တကျဖြင့် စီစဉ်စုဖွဲ့၍ ကျင်းပသည်။
ပြည်ထောင်စုအလံတော်အား ၂၀၂၂ ခုနှစ်၊ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ထိုမှတစ်ဆင့် လေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး နေပြည်တော်မြို့တော်ခန်းမသို့ သယ်ဆောင်လာရာတွင် နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်း - နေဇော်ချစ်
https://t.me/MyanmarNationalPost
www.mnpnewsagency.com


No comments:
Post a Comment