MNP - ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးသူများနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများအား ရုရှားနိုင်ငံထုတ် Sputnik Light Vaccine ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၂) နေရာခ မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် မဟာစန္ဒာသီဟဘုရားကြီးတို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့နံနက်ပိုင်းမှ စတင် ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရမည် ဖြစ်ကြောင်း ဆေးထိုးစုရပ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများအား ထိုးနှံ ပေးသွားမည်ဖြစ်ပြီး မဟာစန္ဒာသီဟဘုရားကြီးတွင် ဒေသခံပြည်သူများအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အပြင်ထွက်သွားလာ သူတိုင်း နှာခေါင်းစည်း တပ်ဆင်သွား လာကြရန် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိပါက ချက်ခြင်းဝယ်ယူ၍ နှာခေါင်းစည်း တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုထိုးနှံပေးသော Sputnik Light Vaccine ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ကြို့ပင်ကောက်မြို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနသို့ ဒေသခံပြည်သူ (၁၅၀၀) ဦးအတွက်ရောက်ရှိနေပြီဖြစ်၍ ယနေ့နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိလာပါက ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သတင်း - ဇေယျာထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com

No comments:
Post a Comment