အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid shield) ထိုးနှံပြီးသူများအား (Booster Dose) ထပ်မံထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covid shield) ထိုးနှံပြီးသူများအား (Booster Dose) ထပ်မံထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid shield) ထိုးနှံပြီး၍ ကာလ(၆) လနှင့် အထက်ရှိသူ၊ အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများအား (Booster Dose) ထပ်မံထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန် ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) အား (Covid shield) ထိုးနှံပြီး၍ (၆)လနှင့်အထက်ရှိ ပြည်သူများ လာရောက်ထိုးနှံနိုင်ရေးကို ရပ်ကွက်/ ကျေးရွာများရှိပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ပေးလျက်ရှိ ကြောင်းသိရသည်။

သတင်း - အောင်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)