MNP - ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် အလေးပြုခြင်း ခံယူမည့် ပြည်ထောင်စုအလံတော်အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လက်ဆင့်ကမ်းသယ်ယူခြင်း၊ မော်တော်ယာဉ်၊ လေယာဉ်တို့ဖြင့် သယ်ဆောင်ခြင်းတို့ကို စနစ်တကျ စီစဉ်စုဖွဲ့၍ ကျင်းပသည်။
ပြည်ထောင်စုအလံတော်အား ၂၀၂၂ ခုနှစ်၊ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ထိုမှတစ်ဆင့် လေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး နေပြည်တော်မြို့တော်ခန်းမသို့ သယ်ဆောင်ရာတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com


No comments:
Post a Comment