ကရသူရိမြို့၊ ကမ်းတောကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရသူရိမြို့၊ ကမ်းတောကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး


MNP - ဖေဖော်ဝါရီ    ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကမ်းတောကျေး ရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/စာရေးတို့ ပူးပေါင်းပြီး Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံရန် ကျန်ရှိနေသူများ၊ ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူများနှင့် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား သတ်မှတ်ရက်အတွင်း ကာကွယ်ဆေးထိုးနှံနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အိုမီခရွန်ကိုဗစ်-၁၉ ရောဂါ အကြောင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)