ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွာမကျေးရွာရှိ နေအိမ်(၁)လုံး မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွာမကျေးရွာရှိ နေအိမ်(၁)လုံး မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုဖြစ်ပွား




MNP ၊ ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဖေဖော်ဝါရီ ၇  ရက်နေ့ နေ့လယ်(၁၃:၂၀)အချိန်က  ကြက်ရိုးပြင် ကျေးရွာ အုပ်စု ၊ ကြက်ရိုးပြင်(ရွာမ)ကျေးရွာရှိ နေအိမ်(၁)လုံး  မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုဖြစ်ပွား မီးလောင်မှု ဖြစ်ပွား ခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့၊ ကြက်ရိုးပြင် ကျေးရွာ အုပ်စု ၊ ကြက်ရိုးပြင်(ရွာမ)ကျေးရွာနေ ပိုင်ရှင် ဦးမာမတ်တာဟဲ အသက်(၂၆)နှစ် ၊(ဘ) ဦးဆွေယောက်တာဟဲ၏ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာနေပြည်သူများမှ အနီးရှိ ရေတွင်းရေကန် မှ ရေဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့် နေ့လယ်(၁၃:၅၀)အချိန် မီးလုံးဝငြိမ်းသတ် နိုင်ခဲ့ကြောင်းသိရ သည်။ 

အဆိုပါ မီးလောင်ရ သည့် အကြောင်းအရင်းမှာ နေအိမ်၏ မီးဖိုချောင်ရှိ မီးကြွင်း၊ မီးကျန် မှ တဆင့် မီးစတင် လောင် ကျွမ်းခဲ့ပြီး အလျား ၁၈ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၁၀ ပေရှိ (ဓနိမိုး ၊ ဝါးထရံကာ ၊ မြေ ခင်း) လူနေအိမ်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့ရာ မီးလောင်မှု နှင့်ပတ်သတ်၍ နေအိမ်ပိုင်ရှင်  ဦးမာမတ်တာဟဲ အသက်(၂၆) နှစ် ၊ (ဘ) ဦးဆွေယောက် တာ ဟဲအား ငါးခူရနယ်မြေစခန်းတွင်  (ပ)၁၀/၂၀၂၂ ၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်လှစ်ကာ အရေး ယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)