(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် စာလုံးစာသားသရုပ်ဖော်နှင့် ဘင်ခရာ အဖွဲ့တို့တွင်ပါဝင်သည့် ကျောင်းသားကျောင်းသူများ နေပြည်တော်အတွင်း လှည့်လည်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် စာလုံးစာသားသရုပ်ဖော်နှင့် ဘင်ခရာ အဖွဲ့တို့တွင်ပါဝင်သည့် ကျောင်းသားကျောင်းသူများ နေပြည်တော်အတွင်း လှည့်လည်လေ့လာ





MNP ၊ ဖေဖော်ဝါရီ ၈

၂၀၂၂ ခုနှစ် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသားသရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့တွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူ ဆရာ၊ ဆရာမများသည် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) သို့ ဖေဖော်ဝါရီ ၇ ရက်တွင် ရောက်ရှိကြပြီး ဂုဏ်ပြုအခမ်းအနားကို ပါဝင်ဆောင်ရွက်သွားကြမည် ဖြစ်သည်။

အဆိုပါ ကျောင်းသားကျောင်းသူများ စိတ်လက်အပန်းပြေစေရေးနှင့် ဗဟုသုတရစေရေးအတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ မာရဝိဇယဘူမိဖဿ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းခွင်၊ နေပြည်တော်ဥပ္ပတသန္တိ စေတီတော်မြတ်ကြီး၊ အမျိုးသားပြတိုက်(နေပြည်တော်)နှင့် နေပြည်တော် ရေပန်းဥယျာဉ် တို့သို့ သွားရောက် လေ့လာနိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လေ့လာရေးအဖွဲ့တွင် အုပ်ထိန်းသူ ဆရာ ဆရာမများ အပါအဝင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၂၄၀ ဦး ပါဝင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)