မြို့သစ်မြို့၊ စျေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး၍ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့၊ စျေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့်ပြီးစီး၍ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေ


MNP - ဖေဖေါ်ဝါရီ    ၃

မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့ဖွံ့ဖြိုးတိုး တက်လာစေရန်အတွက် မြို့တွင်း၊ ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများ ပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ မြို့သစ်မြို့၊ ဈေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဆောင်ရွက်ပြီးစီး‌နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့မြို့သာယာလှပစေရန်နှင့် မြို့အင်္ဂါရပ်နှင့် ပြည့်စုံစေရန်အတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ ဈေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မိနီဘဂျက်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ (၁၁ဒသမ၀၃၆၉)ကျပ်သန်းဖြင့် ဈေးရပ်ကွက်၊ ကျွန်းရွှေဝါလမ်း၊ လမ်းပေအရှည် (၄၃၀)ပေ၊ အကျယ် (၁၂)ပေ၊ အမြင့် (၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်းနှင့် (၁၆)ပေရှိ BOX Culvert (၂) ခုကို စက်တင်ဘာလဆန်းပိုင်းက စတင်၍ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာဦးဗိုလ်ဌေးက အနီးကပ်ကြပ်မတ် ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းပြည့်ပြီးစီးကာ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေတော့မှာဖြစ်ကြောင်း သိရသည်။

သတင်း - သန်းဝင်းထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)