ဘုရားစေတီပုထိုးများသို့ ကပ်လှူပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ မြန်အောင်တွင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘုရားစေတီပုထိုးများသို့ ကပ်လှူပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ မြန်အောင်တွင်ကျင်းပ


MNP - ဖေဖော်ဝါရီ   ၁၅

ဘုရားစေတီပုထိုးများသို့ ကပ်လှူပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီးရှေ့ကွင်းပြင်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ရပ်ကွက်ကျေး ရွာအုပ်စု (၇) သင်း၊ ဌာနဆိုင်ရာ (၇)သင်း ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ အကဲဖြတ်ဒိုင်လူကြီးများက ထမနဲထိုးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပထမဆုရရှိသော အမှတ်(၃)ရပ်ကွက်အသင်း အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သူရိန်ထွန်းက ဆုပေးအပ်ချီးမြှင့်ပြီး ဒုတိယဆုရ လယ်/ဆည်( စိုက်ပျိုးရေး၊ လယ်/စီအင်း၊ ဆည်မြောင်း၊ ငါးလုပ်ငန်း၊ မွေးကု၊ စက်မှု လယ်ယာ)အသင်းအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးတင်ယုက ပေးအပ်ချီး မြှင့်၍ တတိယဆုရ အမှတ်(၄)ရပ်ကွက်အသင်းအား ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

ပြိုင်ပွဲဝင်အသင်းများက တပို့တွဲလပြည့်နေ့တွင် ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီးအား ထမနဲဆွမ်းကပ်လှူပူဇော်၍ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ရှိ သံဃာ တော်များအား ထမနဲဆွမ်းကပ်လှူခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ဝင်းဗိုလ် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)