ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၂၄၀၀ ဂါလံလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၂၄၀၀ ဂါလံလှူဒါန်း


MNP - ဖေဖော်ဝါရီ     ၁၅

မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာနှစ်ရွာသို့ ရေဂါလံ ၂၄၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ နတ်ပ္ပလင်ကျေးရွာအတွက် ရေဂါလံ ၁၆၀၀၊  ငါ့သုံတဲတိုက်အတွက် ရေဂါလံ ၈၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။ နပ္ပလင်ကျေးရွာသည် အိမ်ခြေများပြီး လူဦးရေလည်းများ သည့်အတွက် ၁၀ရက်တစ်ခါ သောက်သုံးရေ လှူဒါန်းခြင်းကို ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတ မိသားစုက လှူဒါန်းပေးလျက်ရှိကြောင်း၊ ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းက ငါ့သပုံတဲတိုက်တွင် အိမ်ခြေ ၁၅ အိမ်သာရှိပြီး လူဦးရေ ၅၀ကျော်သာ နေထိုင်ကြောင်းသိရပြီး ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးမှု ဆောင်းဦးပေါက်မှ နေ့စဉ်မပျက် လှူဒါန်းလာခဲ့ရာ သောက်သုံးရေဂါလံ ၇၂၄၀၀ လှူဒါန်းပေးပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)