MNP - ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံထားပြီးသော နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက မြို့လယ် ဓမ္မာရုံဆေးထိုးစုရပ်တွင် ကျန်းမာရေးဝန်ထမ်းများမှဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ၊ ဆရာမများနှင့် ပညာရေးဌာနဝန်ထမ်း(၁၃၆)ဦးအား ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ကို ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ထိုးနှံရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေနံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါကာကွယ်ပထမအကြိမ်ထိုးနှံသည့် ကျောင်းသား ၊ ကျောင်းသူနှင့် ပြည်သူ(၁၇၉၃၇)ဦး ၊ ဒုတိယအကြိမ်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူ (၃၃၇၄၂)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံသည့်ဌာနဆိုင်ရာဝန်ထမ်း (၁၃၆)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment