ကော့သောင်းမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲကျင်းပ




MNP - ဖေဖော်ဝါရီ     ၁

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲကို ယနေ့နံနက်(၁၀)နာရီက ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ၊ ဂေါက်သီးကစားကွင်းတွင် စုဝေးကာငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ    အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲပြုလုပ်ရာတွင် ရှေးဦးစွာ ကော့သောင်းဂေါက်ကွင်းစုရပ်မှ နိုင်ငံတော်အလံများကိုင်ဆောင်သည့်အဖွဲ့က ဦးဆောင်၍ “ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေး…..ဒို့အရေး  ဒို့အရေး၊ အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေး….ဒို့အရေး ဒို့အရေး၊ တပ်မတော်သည ်အမျိုးသားရေးကို သစ္စာမဖေါက်၊ OIC နောက် လိုက်ကုသလသမ္မဂ အလိုမရှိ၊ မြန်မာ့တပ်မတော်သည်သာ ပြည်သူ့တပ်မတော်အမှန်ဖြစ်သည်၊ နစက အစိုးရအား ထောက်ခံပါသည်၊ မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ နိုင်ငံတော်အဖျက် ရန်သူမှန် သမျှချေမှုန်းရေး….ဒို့အရေး ဒို့အရေး၊ တပ်မတော်ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ…..ဆန့်ကျင်ကြ   ဆန့်ကျင်ကြ၊ ပြည်ပအားကိုး ပုဆိန်ရိုး……အလိုမရှိ  အလိုမရှိ၊ စစ်မှန်သော ဒီမိုကရေစီရရှိရေး …..ဒို့အရေး  ဒို့အရေး၊  CRPH /NUG  အလိုမရှိ  အလိုမရှိ၊ အမျိုးဘာသာ သာသနာ ဖျက်ဆီးမည့်သူ ….ဒို့ရန်သူ  ဒို့ရန်သူ၊ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်၊ သွေးခွဲလာသူ .ဒို့ရန်သူ  ဒို့ရန်သူ”  စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဂေါက်ကွင်းမှ ပြည်ထောင်စုလမ်းမကြီး အတိုင်း မြို့တွင်းသို့လှည့် လည်ခဲ့ကြပြီး သီရိမြိုင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်ကွင်းတွင်စုရုံးကာ တပ်မတော်အားထောက်ခံကြောင်း စုရုံးကြွေးကြော်ခဲ့ကြပြီး ဂေါက်ကွင်းသို့ ပြန်လည်ဝင်ရောက်ကြပြီး အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သိရသည်။

သတင်း - ကျော်စိုး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)