မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်တွင် တတိယမြောက် အိမ်ဆောက်လုပ် ပြီးစီး၍ အပ်နှံခြင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်တွင် တတိယမြောက် အိမ်ဆောက်လုပ် ပြီးစီး၍ အပ်နှံခြင်းကျင်းပ

 


MNP - ဖေဖော်ဝါရီ    ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူး ဦးနေဝင်း ဦးဆောင်သော နမ့်ယွန်း လူငယ်များ ပရဟိတအသင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုကို စဉ့်ဝင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ နေအိမ်အား တတိယမြောက် အိမ်ဆောက်လုပ်ပြီးစီးခဲ့ရာ ယနေ့နံနက် ၁၀ နာရီက သွားရောက်အပ်နှံခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ကြီးဘိုးဘွားများအတွက် နေအိမ်များ ဆောက်လုပ်လှူဒါန်းခြင်း ရန်ပုံငွေမှ မတည်ငွေကျပ် ၃သိန်း ဖြင့် နမ့်ယွန်း လူငယ်ပရဟိတအသင်းမှ လက်သမားနှင့် ပန်းရံလုပ်အားဒါနဖြင့်လည်းကောင်း၊ ထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ နှင့် ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးခဲ့ရာ တောင်မြို့ရပ်ကွက်တွင် အဖွား၏နေအိမ်တစ်လုံး၊ ဟိုတင့်ကျေးရွာတွင် ဘိုးဘွားနေအိမ်တစ်လုံး စံနမူနာပြ လေပြင်းဘေးဒဏ်ခံ အိမ်(၂)လုံး ဆောက်လုပ်ပြီးစီးရာ ယနေ့တွင်  တတိယမြောက် အိမ်ပူးပေါင်းဆောက်လုပ်ပေးအပ်ခဲ့ပြီး၊ ၎င်းကျေးရွာအတွင်း၌ လေပြင်းဘေး မကျရောက်မီ လေပြင်းဘေး ဒဏ်ခံအိမ်ဆောက်လုပ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြုပြင်ရန်လိုအပ်သော နေအိမ် တစ်အိမ်လျှင် ငွေကျပ် သုံးသောင်းဖြင့် အိမ်ခြေ(၃၀)အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ကူညီဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများတို့က ကျေးရွာအတွင်း အသံချဲ့စက်ဖြင့် မြန်မာ ၊ ရှမ်း နှစ်ဘာသာဖြင့် လေပြင်းဘေး အသိပညာပေး လှည့်လည်နှိုးဆော်ကာ လက်ကမ်းစာစောင်များပါ ဖြန့်ဝေခဲ့ပြီး မြို့နယ်အတွင်း၌ စံနမူနာပြ လေပြင်းဘေးဒဏ်ခံအိမ်(၅)အိမ် ဆောက်လုပ်လှူဒါန်းပေးမည်ဖြစ်ပြီး နောက်ဆောက်လုပ်ရန် ကျန်သည့်နေအိမ် (၂)အိမ်အား ဆက်လက် ဆောက်လုပ်လှူဒါန်းပေးမည်ဖြစ်ကြောင်း လင်းခေးခရိုင် ဦးစီးမှူး ဦးနေဝင်းမှ ပြောကြားခဲ့သည်။

သတင်း - စိုင်းမျိုးသန့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)