ကျောက်တော်မြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ


MNP - ဖေဖော်ဝါရီ     ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်မှ စေတနာရှင်အလှူရှင်ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တော်ကြီးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့နယ်လုံးကျွတ် စုပေါင်းဆွမ်းဆန်တော်လောင်းခြင်းအခမ်းအနားသို့ ကျောက်တော်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံစစ်သည်များနှင့် မိသားစုဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ အစည်းဝင်များနှင့် မြို့ပေါ် ရပ်ကွက်နေစေတ နာရှင်/အလှူရှင်ပြည်သူများက  သတ်မှတ်ထားသော နေရာများဖြစ်သည့် မြို့နယ်သာသနာ့ ဗိမာန်တော်ရှေ့၊ မြို့မဈေးကြီး ရှေ့ကမ်းနားလမ်း တစ်လျှောက်၊ မြောက်ဘက်စု၊ ရွာမအလယ်စု၊ တောင်ဘက်စု၊ စိုက်ပျိုးရေး(သိပ္ပံ) ကျောင်းရှေ့၊ ဦးအောင်ဇံဝေ လမ်းမကြီးတစ်လျှောက်ရှိ စုရပ်နေရာများတွင် စောင့်ဆိုင်းနေရာယူကြပြီး စုပေါင်းဆွမ်းဆန်တော်လောင်းလှူခြင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်နေ စေတနာရှင်ပြည်သူများမှ ပင့်ဖိတ်ထားသော ဆရာတော်အရှင်သူမြတ်အပါး(၈၀)နှင့် သီလရှင်အပါး(၂၀) စုစုပေါင်းအပါး(၁၀၀)ကျော်ခန့်အား မြို့လုံးကျွတ် စုပေါင်းဆွမ်းဆန်တော်များလောင်းလှူရာ၌ လှူဖွယ်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်၊ အမွှေးနံသာတိုင်၊ ကော်ဖီမစ်ထုပ်၊ ဆပ်ပြခဲ၊ မာမီးခေါက်ဆွဲထုပ်များနှင့် ငါးသေတ္တာဗူးများအား စေတနာထက်သန်စွာဖြင့် စုပေါင်းလောင်းလှူ ကုသိုလ်ဒါနပြု လောင်းလှူခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်မောင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)