သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအသိပညာပေးခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအသိပညာပေးခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ


MNP - ဖေဖော်ဝါရီ     ၁၅ 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ် ကုသနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပညာပေးခြင်းနှင့်နှာခေါင်းစည်းများ တပ်ဆင်ရေး ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း နှာခေါင်းစည်း စနစ်တကျစွန့်ပစ်ရေး၊ လက်ကိုဆပ်ပြာဖြင့် ဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ ရောဂါဖြစ်ပွားလာပါက အချိန်မီသတင်းပို့၍ ဆေးဝါးကုသမှုခံယူရေး ဆောင်ရွက် ကြရန် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

ထို့အပြင်မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သန်လျင်မြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် နေ့စဉ်နံနက်၉နာရီမှ စတင်၍ ကိုဗစ်ကာကွယ်ရေးဆေးများကို လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများကကာကွယ်ဆေးများကို ပြည်သူများသို့ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သန်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)