မင်္ဂလာဒုံမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် စာမေးပွဲဖြေဆိုအောင်မြင်သော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား အောင်လက်မှတ်နှင့် အောင်ဆု ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် စာမေးပွဲဖြေဆိုအောင်မြင်သော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား အောင်လက်မှတ်နှင့် အောင်ဆု ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ



MNP - ဖေဖော်ဝါရီ     ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် စာမေးပွဲဖြေဆို အောင်မြင်ကြသော သံဃာတော်များ၊ သီလရှင်ဆရာလေးများအား အောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက နွယ်ခွေကျေးရွာအုပ်စုရှိ နွယ်ခွေရွာဦးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ဆောက်တည်ခြင်းနှင့် မင်္ဂလာမြို့နယ် သံဃာနာယကအဖွဲ့ သာသနာရေးမှူး ဦးမြင့်သူအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပထမပြန်စာမေးပွဲနှင့် နိကာယ်ငါးရပ်စာမေးပွဲတို့တွင် အောင်မြင်တော်မူသော သံဃာတော် များနှင့် သီလရှင်ဆရာလေးများ စုစုပေါင်းအပါး (၄၄၀)တို့အား သာသနာတော်ဆိုင်ရာ အောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါ အောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားအတွက် ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအားလည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃာ့နာယက အကျိုးဆောင်ဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဒုဥက္ကဋ္ဌ ဦးအောင်ရွှေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့(၁) ဗိုလ်မှူးဇာနည်ထက်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့(၂) ဦးစိုးသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့(၃) မြို့နယ်လဝကဦးစီးမှူး ဦးမြင့်သူအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်မင်းရှိန်နှင့် မြို့နယ်ဥပဌာကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - သန္တာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)