CDM ဦးဆောင်သူ PDF အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့ပေးနေသည့် ဆရာမတစ်ဦး ဖမ်းမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

CDM ဦးဆောင်သူ PDF အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့ပေးနေသည့် ဆရာမတစ်ဦး ဖမ်းမိ











MNP ၊ ဖေဖော်ဝါရီ ၁၆

ခင်ဦးမြို့နယ်၊ မြနန္ဒာရပ်ကွက်၊ မြနန္ဒာ(၃)လမ်းနေ CDM ဦးဆောင်သူ ဆရာမ ဒေါ်မိုးသူဇာခိုင် (ခ) မခိုင် အန်တီမြင့် ပဲကြော်စုံ ပိုင်ရှင်အား ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။


ဒေါ်မိုးသူဇာခိုင်(ခ) မခိုင် ဆိုသူသည် PDF အား ငွေကြေးထောက်ပံ့လှူဒါန်းခဲ့ရာ PDF အကြမ်းဖက်အဖွဲ့က ပြန်လည်ပေးအပ်ထားသည့် ဂုဏ်ပြုလက်မှတ်၊ CDM လှုပ်ရှားမှုတွင် ပါဝင်သော မှတ်တမ်းများနှင့်တကွ တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ တိုင်ကြားချက်အရ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တာဝန်သိပြည်သူတစ်ဦးက "ဒေါ်မိုးသူဇာခိုင် က CDM လှုပ်ရှားမှု့ တွင် ရှေ့ဆုံးမှ ဆိုင်းဘုတ်ကိုင်ပြီး ဦးဆောင်လှုပ်ရှားသူ ဖြစ်တယ်။ သူ့အကို ဦးဇော်ထိန်လင်း က ၅၀၅-က နဲ့ ငြိပြီး ထွက်ပြေးတိမ်းရှောင်နေတယ်။ ဈေးထဲ တွင် အလှုငွေများစု ၍ကောက်ခံခြင်း မိမိကိုယ်တိုင်လှူဒါန်းခြင်း တို့ ပြုလုပ်နေသည် PDF အကြမ်းဖက်အဖွဲ့ကို အားတတ်သရော ထောက်ပံ့ပေးနေသူဖြစ်ပါတယ်။" ဟု ပြောသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)