ICJ တွင် အမိမြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမှန်တရားအတွက် ရဲဝံ့စွာ ဖြေရှင်းနေကြသော ဦးကိုကိုလှိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုထောက်ခံကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ICJ တွင် အမိမြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမှန်တရားအတွက် ရဲဝံ့စွာ ဖြေရှင်းနေကြသော ဦးကိုကိုလှိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုထောက်ခံကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ထုတ်ပြန်



MNP ၊ ဖေဖော်ဝါရီ ၂၃

နယ်သာလန်နိုင်ငံ သည်ဟိတ်(The Hague)မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ အမိမြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမှန်တရားအတွက် ဥပဒေနှင့်အညီ ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်း နေကြသော ဦးကိုကိုလှိုင်နှင့် အဖွဲ့အား ဂုဏ်ပြုကြိုဆိုထောက်ခံကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက ယနေ့  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။


၎င်းတို့၏ ထုတ်ပြန်ချက်တွင် "နယ်သာလန်နိုင်ငံ သည်ဟိတ်(The Hague)မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ အမိမြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမှန်တရားအတွက် ဥပဒေနှင့်အညီ ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်း နေကြသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးနှင့်ကိုယ်စားလှယ်အဖွဲ့အားလည်းကောင်း၊ မြန်မာနိုင်ငံမှနေ၍ online ဖြင့် ဦးဆောင် တက်ရောက်ပါသော နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အဖွဲ့အားလည်းကောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ ဂုဏ်ပြုကြိုဆို၍ အတူတကွ ရပ်တည် ထောက်ခံအပ်ပါသည်။" ဟု ဖော်ပြထားသည်။


ICJ တရားရုံး အဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက အဓိကအားဖြင့် မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားရုံးက ဤအမှုကို စီရင်ပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) လက်ခံကြားနာနိုင်မှု မရှိကြောင်း  ကနဦးကန့်ကွက်လွှာ တင်သွင်းခြင်းသည် တရားရုံး၏ တရားစီရင်မှုလုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေးကန့်သတ်ရန်အတွက် မဟုတ်ဘဲ တရားမျှတမှုကို တော်တည့်မှန်ကန်စွာ ဖော်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နောင်ရက်များအတွင်း ပြုလုပ်သွားမည့် ကြားနာမှုများသည် အရေးပါပြီး ဤတရားရုံး၏ အနာဂတ် တရားစီရင်ရေး လုပ်ငန်းစဉ်များအပေါ် ထူးခြားသည့် အကျိုး သက်ရောက်မှုများစွာရှိမည်သာမက နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာတရားရုံး (သို့မဟုတ်) ခုံရုံးများသို့ တင်သွင်းမည့် အမှုများအပေါ်လည်း အမှန်ပင် အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အပေါ် ကိုလိုနီခေတ် အုပ်ချုပ်မှုမှ စတင်၍ အကြောင်းအကျိုးဆက်ကာ ဖြစ်ပေါ်လာခဲ့သည့် ရှည်လျားရှုပ်ထွေးလှသော ဤပြဿနာအား စေ့စပ်ညှိနှိုင်းအဖြေရှာ၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကြိုးစားလျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် (၃) နိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန်ဆွေးနွေးပွဲများ ကျင်းပ၍လည်းကောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ လုပ်ငန်းအဖွဲ့များအကြား နှစ်နိုင်ငံသဘောတူညီချက်အရ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် လူဦးရေစာရင်း ပြုစုမှုကို ပူးပေါင်းဆောင်ရွက်၍ လည်းကောင်း ဖော်ဆောင်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင်လျက်ရှိသူများကို အခြားပြည်သူများနှင့်တန်းတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ ယင်း IDP စခန်းများကို ရုပ်သိမ်းနိုင်ရေးအတွက်လည်း စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဖြစ်ပေါ်တိုးတက်မှုများကိုကြည့်လျှင် မြန်မာနိုင်ငံအစိုးရ၏ ထိရောက်ပြီး အပြုသဘော ဆောင်သည့် အဖြေရှာမှုနည်းလမ်းများအပေါ် အလေးအနက်ထားသည့် ဆန္ဒမှန်ကို သိရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုတရားစွဲဆိုမှုနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ဆက်လက်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်လျက်ရှိကာ တရားရုံးမှ ချမှတ်ခဲ့သော ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်အတိုင်း အလေးထား အကောင်အထည်ဖော်လျက်ရှိပြီး ပုံမှန်တင်သွင်းရမည့် အစီရင်ခံစာများကိုလည်း ဆက်လက် တင်သွင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)