MNP ၊ ဖေဖော်ဝါရီ ၁၅
နိုင်ငံအဝှမ်းမှာ ဆူပူအကြမ်းဖက်မှုတွေ လုပ်နေတဲ့ NLD အစွန်ရောက် အကြမ်းဖက်အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ အမိမြေ-တော်လှန်ရေးအဖွဲ့လို့ ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းအဖွဲ့က ဘုန်းတော်ကြီးကျောင်းကို ခြိမ်းခြောက်တဲ့စာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
နောက်ဆုံးအကြိမ် အထူးသတိပေးထုတ်ပြန်ချက်လို့ ခေါင်းစဉ်တပ်ထားတဲ့ NLD အစွန်းရောက် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ ခြိမ်းခြောက်မှုက အခြားသော နိုင်ငံရေးအတိုက်အခံတွေ၊ လူပုဂ္ဂိုလ်တွေကို ရည်ရွယ်တာမဟုတ်ဘဲနဲ့ ယင်းမာပင်မြို့နယ်အတွင်းက သီတဂူချင်းတွင်း သာမဏေကျော်စာသင်တိုက်ကို သူတို့ (အကြမ်းဖက်သမားတွေ) ပြောတဲ့အတိုင်း လိုက်နာရမယ်လို့ ခြိမ်းခြောက်ထားတဲ့ စာပဲဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးဟာ NLD အစွန်းရောက်များက အကြမ်းဖက်အဖွဲ့မျိုးစုံဖွဲ့ပြီး အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ ပြုလုပ်ပြီး စီးပွားရှာနေကြရာ နယ်မြေဖြစ်ပါတယ်။ သူတို့ရဲ့ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှု တစ်ကြိမ်ပြုလုပ်တိုင်း NLD ဦးဆောင်သူများဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေက ငွေငါးသောင်း ချီးမြှင့်တယ်လို့ ဖမ်းဆီးခံခဲ့ရသူတစ်ဦးက ထွက်ဆိုချက်ပေးခဲ့ပါတယ်။
သီတဂူချင်းတွင်း သာမဏေကျော်စာသင်တိုက်အတွင်းရှိ ကျောင်းဆောင်တစ်ခုကိုလည်း NLD အစွန်းရောက် အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီးပါပြီ။ ဒီနယ်မြေမှာ NLD အစွန်းရောက်တွေ ဘာကြောင့်များ အခုလောက်အထိ လက်နက်ကိုင်သောင်းကျန်းခွင့် ရနေတာလဲ။ လက်နက်မဲ့ ပြည်သူတွေ၊ ရဟန်းသံဃာတော်တွေ၊ ဆရာ/ ဆရာမတွေ အများဆုံး လုပ်ကြံသတ်ဖြတ်ခံနေရတဲ့ နယ်မြေဖြစ်ပါတယ်။
NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့မျိုးစုံက တစ်နှစ်တာကာလအတွင်းမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ ဆရာ/ဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်အထိ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်အဖွဲ့ပေါင်းစုံရဲ့ သတ်ဖြတ်မှုနှုန်းဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နိုင်ငံပေါင်း ၂၉ နိုင်ငံမှာ အကြမ်းဖက်မှုတွေ လုပ်ခဲ့တဲ့ IS အဖွဲ့ရဲ့ သတ်ဖြတ်မှုနှုန်းထက် များပြားနေပါတယ်။ IS အဖွဲ့ရဲ့ ၄နှစ်တာ အကြမ်းဖက်မှုကာလအတွင်း လူပေါင်း ၁၄၀၀ ကျော် အသတ်ခံခဲ့ရပြီး NLD အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုနှုန်းကတော့ တစ်နှစ်တာအတွင်းမှာ ၂၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment