ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း(Omicrom) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် RDT ဖြင့်ရောဂါပိုး ရှိ/ မရှိ စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း(Omicrom) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် RDT ဖြင့်ရောဂါပိုး ရှိ/ မရှိ စစ်ဆေး


MNP - ဖေဖော်ဝါရီ    ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း(Omicrom)ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားလာ ပြည်သူများအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းကို နေ့စဉ်နံနက် ၈ နာရီမှ စတင်ဆောင်ရွက်နေကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် ပေါက်ခေါင်းမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးထားပြီးကြောင်း မှတ်တမ်းကတ်ပြား စစ်ဆေးပြီး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးမထားသူများနှင့် အခြား မြို့နယ်များမှ လာရောက်သည့် ခရီးသွားများနှင့် ဈေးရောင်းချရန် လာရောက်သူများကို RDT Test Kist ဖြင့် စစ်ဆေးခဲ့သည်။ ယင်းသို့ စစ်ဆေးပြီး ပိုးတွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေး ကုသမှု ခံယူရမည်ဖြစ်ပြီး၊ အခြားမြို့နယ်များမှ လာရောက်သည့်ခရီးသွားများထံမှ ပိုးတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ လွှဲပြောင်းပေးအပ်ခဲ့သည်။အဆိုပါ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများနှင့် ပရဟိတအသင်းသားများက အလှည့်ကျ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)