စစ်ကိုင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Physical Fitness Dance ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Physical Fitness Dance ပြိုင်ပွဲကျင်းပ


MNP - ဖေဖော်ဝါရီ    ၁

စစ်ကိုင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှု တစ်ရပ်အဖြစ် Physical Fitness Dance ပြိုင်ပွဲကို အဆိုပါတက္ကသိုလ်ရှိ မိုးလုံ လေလုံ အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်အေးက နှုတ်ခွန်းဆက်စကား ပြောကြားရာ အားကစားလှုပ်ရှားခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအားကောင်းသလို စာရိတ္တ အရည်အသွေးများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူ အချင်းချင်းလည်း စည်းလုံညီညွတ်မှု ပိုမိုရရှိလာမှာဖြစ်ကြောင်း၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသလို အားကစားများ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ လုပ်ဆောင်ချင်သည့် အရာအားလုံး လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း  စသည်ဖြင့် ပြောကြား ခဲ့သည်။

ဆက်လက်၍ Physical Fitness Dance အဖွဲ့(၅)ဖွဲ့မှ အလှည့်ကျ ကပြယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့သည့် အကအသင်းအဖွဲ့များအား ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရပြီး ပြိုင်ပွဲသို့ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမေက္ခ(ဌာနမှူးမှူး)များ၊ ဆရာ/ ဆရာမများ၊ အကနည်းပြဆရာများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြ ကြောင်းသိရသည်။

သတင်း - ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)